fdf
You are here: Home

တိဘက်တက္ကသိုလ်ဒိုင်ယာရီ

(၁)

မကြာမီမှာ ဒီဇင်ဘာက ရောက်လာချေတော့မည်။ ဒီဇင်ဘာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုနှင့်အတူ စောင့်နေပါလိမ့်မည်။ လွန်ခဲ့သော သြဂုတ်လနေ့လည်ခင်းတစ်ခုဆီက သူသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်(Central University of Tibetan Studies) ရှိ ဒုတိယအဓိပတိ၏ ရုံးခန်းတွင် ရောက်ရှိနေခဲ့သည်။

ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့တိုးမြင့်ခြင်းခံရသည်မှာမကြာလှသေးသော မဟာယာနနှင့် တိဘက်လေ့လာရေး အထူးပြုကျောင်းသည် ထေရ၀ါဒဗုဒဘာသာကို လေ့လာရန် မွတ်သိပ်နေလေသည်။ ထေရ၀ါဒကို တို့ထိမည်ဆိုလျှင် ထေရ၀ါဒ၏ မိခင်စာပေဖြစ်သည့် ပါဠိဘာသာစကားမုခ်ဦးမှ ၀င်ရပေလိမ့်မည်။ ထေရ၀ါဒကို ဆာလောင်နေသည့် ကျောင်းတော်သည် ပါဠိရေချမ်းစင်လေးကို မဖြစ်မနေ တည်ဆောက်လေတော့မည်။

Read more...

 

ငြိမ်းပေမယ့်အငြိမ်းမနေနိုင်သူများ (၆)

ငြိမ်းပေမယ့်အငြိမ်းမနေနိုင်သူများ (၆)

 

ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်စာမှတ်တမ်း......

 

'' တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဥယျာဉ်ခြံရှိရာသို့  ဝေဠုဝန်တောလမ်းအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့လာလေသည်။  ကျွန်ုပ်ထွက်လာသော အချိန်သည် ရာဇဂြိုဟ်စံတော်ချိန်အားဖြင့် နံနက်ခင်းဝေလီဝေလင်းကာလမျှသာ ဖြစ်လေရာ လွန်စွာမှ အေးချမ်းသာယာလှပေသည်။ နံနက်ခင်းတိုင်း

ဂိဇ္ဈကုဋ်တောင်ကမ်းပါးကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းကို  ရှူရှိက်ရင်း လမ်းလျှောက်ရသည်မှာ

နန်းတွင်းသမားတော်ကြီး၏ အဆိုအရ အာယုဒီဃဆေးကို မှီဝဲရသည်နှင့် တူလေသည်။

Read more...

 

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၅)

လူတို့သည် ရဟန်းတို့ကို မြင်သောအခါ- ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။
(၀ိနည်းမဟာဝါမြန်မာပြန်)

ရာဇဂြိုဟ်ရုပ်သံ(RTV)စင်တာမှ
ထုတ်လွှင့်ချက်.....
(မဟာသက္ကရာဇ် ၁၀၃၊ တပိုတွဲလပြည့်ကျော်........)
Breaking News
ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ
လွန်ခဲ့တဲ့ လအနည်းငယ်က မဂဓတိုင်းနိုင်ငံတော်၊ရာဇဂြိုဟ်စီတီးကို ကြွရောက်လာခဲ့ပြီး ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံနေတဲ့ ဂေါတမဗုဒ္ဓအရှင်နဲ့ တပည့်ရဟန်းတော်များဟာ ရာဇဂြိုဟ်မြို့တော်လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။ အဓိကအကြောင်းရင်းကတော့ ဂေါတမဗုဒ္ဓအရှင်ရဲ့ တရားဓမ္မအသစ်ကို နှစ်သက်လက်ခံသူအမျိုးသားတွေက အိမ်ရာကို စွန့်ခွာပြီး ရဟန်းပြုကုန်ကြတာကြောင့် လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ရာဇဂြိုဟ်ရုပ်သံရဲ့ ဝေဘာရသတင်းထောက်က တိုက်ရိုက်တင်ပြပေးပါ့မယ်။

Read more...

   

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၄)

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်

(မဟာသက္ကရာဇ် ၁၀၃ ခုနှစ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့)

'ရဟန်းတို့

ငါဘုရားသည် လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။

ရဟန်းတို့

သင်တို့သည်လည်း လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။

Read more...

 

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၃)

အော်ဒီယို(၃)

ဗုဒ္ဓအရှင်က သာသနာ့အရေးနဲ့ သံဃာ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်ရဟန်းတွေကို နေရာပေးရမယ်ဆိုတာ ဥာဏ်တော်စူးရှစွာ သိနေခဲ့ပါတယ်။ ဒါကြောင့်လည်း အရှင်သာရိပုတြာနဲ့ အရှင် မောဂ္ဂလာန်တို့ကို တိတိကျကျနေရာပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရဟန်းမဖြစ်မီ အရှင်မြတ်ထံတော်ကို လှမ်းဝင်လာကတည်းက ယောက်ျားမြတ်တစ်စုံတော့ ရောက်လာပြီ၊ ငါ့ရဲ့ လက်က်ျာ၊ လက်ဝဲနေရာပေးရမယ့် သူတွေပဲ လို့ အတိအလင်းကြေငြာခဲ့တာပါ။ တကယ်လည်း နေရာပေးခဲ့ပါတယ်။

Read more...

   

Page 1 of 15

ကြိုဆိုပါ၏

လာရောက်ကြသောဓမ္မမိတ်ဆွေများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday5
mod_vvisit_counterYesterday30
mod_vvisit_counterThis week143
mod_vvisit_counterThis month483
mod_vvisit_counterAll24780

Who's Online

We have 3 guests online

Hosting အလှူရှင်

hosting